facebook tracking image
Types of Leave under Myanmar Labor Law
HR / Payroll / PEO

Types of Leave under Myanmar Labor Law

ခံစားခွင့်ရှိတဲ့ Leave တွေ အကြောင်း

မြန်မာနိုင်ငံရဲ့ Labour Law အရ သတ်မှတ်ထားတဲ့ Leave အမျိုးအစားတွေအကြောင်းကို ဗဟုသုတအဖြစ် သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Annual Leave (လုပ်သက်ခွင့်)

၁လပိုင်း (January) ကနေ ၁၂လပိုင်း (December) ထိ တစ်ဆက်တည်း လစဉ် အနည်းဆုံးအလုပ်ဆင်းရက် ၂ဝရက် ရှိတာနဲ့ Annual Leave ကို ၁ဝရက် တစ်ဆက်တည်း ခံစားခွင့်ရှိပါတယ်။ Company အများစုကတော့ ရက်ခွဲပြီးယူဖို့ကို ပိုပြီးအားပေးတဲ့အတွက် ဝန်ထမ်းတွေဖက်ကလည်း အဆင်ပြေတယ်ဆိုရင် ခွဲပြီးယူကြတာ များပါတယ်။ တကယ်လို့ တစ်နှစ်မပြည့်ခဲ့ဘူးဆိုရင်တောင် အလုပ်ဆင်းခဲ့တဲ့လအရေအတွက်အတိုင်း ရက်တွေကိုနုတ်ပြီး ခံစားခွင့်ရှိပါတယ်။ ဥပမာ - ကိုယ်က ၆လပိုင်း (June) မှ အလုပ်စဝင်တယ်ဆိုရင် ၁၂လပိုင်း (December) ရောက်တဲ့အခါ ကိုယ့်အတွက်ခံစားခွင့်ရှိတဲ့ရက်က ပျမ်းမျှအားဖြင့် ၆ ရက် ရှိပါတယ်။ တစ်ချို့Company က ဒီတစ်နှစ်အတွင်းမှာ ခွင့်ကို ၁၀ ရက်ပြည့်အောင်မယူခဲ့ဘူးဆိုရင် နောက်နှစ်ထိ ဆက်ယူခွင့်ပေးကြပေမယ့် တစ်ချို့Company တွေကတော့ အဲဒီလိုခွင့်ပြုခြင်းမရှိပါဘူး။

Casual Leave (ရှောင်တခင်ခွင့်)

အလုပ်ဝင်တဲ့အချိန်ကစပြီး ၁၂ လအတွင်း Casual Leave ၆ ရက်ကို တစ်ဆက်တည်းမဟုတ်ပဲ အများဆုံး ၃ရက်အထိသာ ဆက်တိုက် ခံစားခွင့်ရှိပါတယ်။ Annual Leave လိုမျိုး နောက်နှစ်ကို မယူမိတဲ့ ခွင့်ရက်တွေ ဆက်ယူသွားလို့တော့မရပါဘူး။

Medical Leave (ဆေးခွင့်)

လုပ်သက် ၆ လပြည့်ပြီးသူတိုင်း တစ်နှစ်မှာ ရက် ၃၀ လစာပြည့် (Paid Leave) ခံစားခွင့်ရှိပါတယ်။ ၆ လ မပြည့်ဘဲယူမယ်ဆိုရင်လည်းရပေမယ့် လစာမဲ့ (Unpaid Leave) ခွင့်အနေနဲ့သာ ဖြစ်ပါတယ်။

Maternity Leave (မီးဖွားခွင့်)

လုပ်သက် ၆ လပြည့်ပြီးသူတိုင်း မီးဖွားခွင့်ယူမယ်ဆိုရင် ကလေးမမွေးခင် ၆ ပတ်၊ ကလေးမွေးပြီး ၈ ပတ် လစာပြည့်ဖြင့် ခံစားခွင့်ရှိပါတယ်။ တစ်ဆက်တည်းအနေနဲ့ Paternity Leave လို့ခေါ်တဲ့ ဖခင်ဖြစ်ခွင့်ကတော့ ကိုယ့်ရဲ့အမျိုးသမီး မီးဖွားတဲ့ရက်ကနေ ၁၅ ရက် အထိ လစာပြည့်ခွင့် ခံစားခွင့်ရှိပါတယ်။

Bereavement Leave (နာရေးခွင့်)

မိသားစုဝင် (သို့မဟုတ်) မိဘနာရေးကိစ္စဖြစ်တဲ့အခါ လစာပြည့်ခွင့်ကို ဖြစ်ရပ်အပေါ်မူတည်ပြီး ခံစားခွင့်ရှိပါတယ်။ ဘယ်နှရက်ရယ်လို့ သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ သူရဲ့ခွင့်ရက်တွေကုန်သွားရင်တော့ လစာမဲ့ (Unpaid Leave) ယူရမှာ ဖြစ်ပါတယ်။  

Share this blog

Advantages of Outsourcing Payroll during the time of COVID-19
Advantages of Outsourcing Payroll during the time of COVID-19
Published 6 May 2020
Benefits of Business Process Outsourcing
Benefits of Business Process Outsourcing
Published 11 July 2023
Business Process Outsourcing for Accounting and Finance
Business Process Outsourcing for Accounting and Finance
Published 27 June 2024