facebook tracking image
Want to Make Life Easier? Start with the Right Systems
Personal Development

Want to Make Life Easier? Start with the Right Systems

လူငယ်တွေအနေနဲ့ System ကျတဲ့ ဘဝဖြစ်ဖို့ဆိုရင် 

လူငယ်တွေဟာ နိုင်ငံရဲ့အနာဂတ် နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ဆိုရင် အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တစ်ယောက်ချင်းစီက စိတ်ဓါတ်၊ စည်းကမ်းနဲ့ အသိပညာတိုးတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့အမျှ လေ့လာစရာတွေက ပိုပိုများလာပါတယ်။ အဲဒီတော့ လူငယ်တွေမှာ ပြောင်းလဲလာတဲ့ Environment အရ လိုက်လျောညီထွေဖြစ်ဖို့ နဲ့ အခြား နိုင်ငံကလူငယ်တွေနဲ့ ရင်မောင်တန်းနိုင်ဖို့ Skill တွေကပိုပိုလိုအပ်လာပါတယ်။ တကယ်တော့ Skill တွေဟာ ကျွန်တော်တို့ရဲ့ Income တွေပါပဲ။ ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်ဖို့ဆိုရင် မိမိကိုယ်တိုင်ဟာ နေ့စဉ်နဲ့အမျှတိုးတက်နေရပါမယ်။ Life & Work ဟာ System ကျပြီး Balance ဖြစ်နေရပါမယ်။ System မကျ တဲ့ Organization တွေဟာ ရေရှည်အောင်မြင်ဖို့ မလွယ်သလို လူငယ်တွေရဲ့ဘဝဟာလည်း ထိုနည်းလည်းကောင်းပဲလို့ဆိုရပါမယ်။ ​

Balance ဖြစ်ပြီး System ကျတဲ့ဘဝ ဖြစ်ဖို့အတွက်ဆိုရင်တော့ အောက်ပါအချက်တွေကို လေ့လာလိုက်နာသင့်ပါတယ်။​

(၁) Time Management

ကျွန်တော်တို့ လူငယ်အများစုဟာ အချိန်ကိုမလေးစားကြပါဘူး။ အချိန်နောက်ကြတယ်။ အချိန်ဆွဲကြတယ်။ ကိုယ့်ရဲ့တစ်နေ့တာ ၂၄ နာရီကို ဘယ် Sector တွေအတွက်ဆိုပြီး ခွဲထားတာ မရှိကြပါဘူး။ ဆိုပါစို့ ၂၄ နာရီမှာ အလုပ်လုပ်တာက ဘယ်လောက်၊ Learning လုပ်တာကဘယ်လောက်၊ Health Care အတွက်ကဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တကယ်တော့ အချိန်ကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သူ တစ်ယောက်အတွက် အောင်မြင်မှုကအလိုလိုကပ်ပါလာသလို Personal Branding ကိုလည်း တည်ဆောက်ပြီးဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ မနက်နိုးတာကနေအစ အိပ်တာအဆုံး ကိုယ်တိုင် Schedule ဆွဲထားသင့်ပါတယ်။ To do list တွေလုပ်ထားသင့်ပါတယ်။ မိမိကိုယ် မိမိဘောင်ခတ်လိုက်ခြင်းက စည်းလွတ်ဝါးလွတ်မဖြစ်စေတော့ပါဘူး။

​(၂) Money Management

ဒီအချက်က တော်တော်များများသိသလောက် လိုက်လုပ်ဖို့မလွယ်ကူတဲ့အချက်ပါ။ ကိုယ့်ရဲ့ Income နဲ့မလောက်တာတို့၊ အကြွေးတွေများနေတယ် ဆိုတာ ဒီအချက်ကို Cover မလုပ်နိုင်လို့ပါ။ဆိုပါစို့  သင့် Income က ၁လ ၃သိန်း ရတာကို မလောက်ငှဘူးလို့သင်တွေးရင် သင့် Income ၆ သိန်းရတဲ့အခါလည်း မလောက်နိုင်ပါဘူး။ Income များလာတာနဲ့အမျှ ပိုသုံးချင်လာတာ လူငယ်အများစုရဲ့ သဘာဝပါပဲ။ သင့်ဘဝတိုးတက်ချင်လျှင် ဒီနေရာမှာရနေတာနဲ့ကျေနပ်ပြီး ရပ်နေလို့တော့မရပါဘူး။ ဒီခေတ်မှာ အမြဲ Learning လုပ်နိုင်ဖို့ဆိုရင် ငွေကြေးဟာလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကပါဝင်ပါတယ်။ ဥပမာအားဖြင့် ၃ သိန်းဝင်တဲ့သူဟာ ယေဘူယျအသုံးအတွက် ၂ သိန်း ကိုဖယ်ပြီး Learning လုပ်ဖို့ ၁ သိန်း အစရှိသကဲ့သို့ Income ကို ခွဲခွဲပြီး လစဉ်စုသင့်ပါတယ်။​

(၃) Social Management

စာဖတ်သူတို့ အနေနဲ့ မိမိကိုယ်ကိုဘယ်လောက် Social ကောင်းသလဲဟု မေးခွန်းထုတ်ဖူးပါသလား? လူငယ်တွေဟာ Environment မှာ Reputation တစ်ခုကို တည်ဆောက်နေစဉ် Network ကို တည်ဆောက်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်တည်းအနေများတဲ့သူကတော့ အလိုလိုကိုဘေးရောက်သွားမှာပါ။ Social Management မှာ မိမိရဲ့အချိန်တွေထဲကမှ  မိမိသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေ၊ လူကြီးမိဘတွေနဲ့တွေ့ဆုံ ဖို့ သီးသန့်အချိန်ကို ခွဲထုတ်ထားသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ စာဖတ်သူတို့ကို ဗဟုသုတနဲ့အခွင့်အလမ်းတွေများစွာရလာစေပါတယ်။ Social ကောင်းအောင် တည်ဆောက်မယ်ဆိုရင် မိမိရဲ့ PR skill ကိုကောင်းမွန်အောင် အရင်လေ့လာသင်ယူသင့်ပါတယ်။ PR ကောင်းတဲ့သူဟာ Environment မှာ အချိန်တိုအတွင်းအောင်မြင်မှုရသလို အောင်မြင်လာခဲ့ရင်လည်း လွယ်လွယ်နဲ့မပျောက်ကွယ်သွားဘူးဆိုတာ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က သက်သေသာဓကပါပဲ။ Network တည်ဆောက်ဖို့ ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလဲပြီး Social ကောင်းသူအဖြစ် ကျင့်ကြံနေထိုင်ဖို့ ကြိုးစားသင့်ပါတယ်။​

(၄) Career Management

စာဖတ်သူအများစုဟာ မိမိ Career အပိုင်းမှာရော "ဘယ်လမ်းကြောင်းကို ငါလျှောက်မယ်၊ ဘယ်အချိန်မှာ ဘယ် ရာထူး ရောက်ပြီး ဘယ်အသက်အရွယ်မှာ ငါဦးဆောင်သူဖြစ်ရမယ်" ဆိုပြီး Prospects တွေထားဖူးပါသလား? ဆိုပါစို့ Sales Person တစ်ယောက်က Experience ၂ နှစ်မှာ Executive၊ ၅နှစ်မှာ Manager၊ ၈ နှစ်မှာ National Sales Manager၊ ၁၀ နှစ်မှာ Head အစရှိတဲ့ Goals တွေချထားရမယ်။ ပြီးရင် အဲ့ဒီ Goal ကို ရောက်ဖို့အတွက် ကိုယ့်မှာမရှိသေးတဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့ Strategy တစ်ခုဆွဲပြီး Timeline အတွင်း ရအောင် တစ်ဆင့်ချင်းစီသွားရပါမယ်။​

အချုပ်အားဖြင့်ဆိုရရင် မိမိရဲ့ Career Goal ကို Time, Money, Social အစရှိတဲ့ ကဏ္ဍအသီးသီး ကို System ကျကျ Manage လုပ်ပြီး Step by Step သွားပါက စာဖတ်သူတို့ ထားရှိထားတဲ့ Goal ကို မလွဲဧကန်ရောက်ပါမယ်လို့ ယုံကြည်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016