What Are PEO Services, and Why Are They Getting Popular in Myanmar?
မြန်မာပြည်မှာခေတ်စားလာတဲ့ PEO Services ဆိုတာဘာလဲ?
PEO ဆိုတာက Professional Employer Organisation (PEO) လို့ခေါ်တဲ့ ကျွမ်းကျင်သောအလုပ်ရှင် အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် ပြည့်စုံသောလူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုများကိုပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လိုဝန်ဆောင်မှုတွေ လဲဆိုရင် ဝန်ထမ်းက Client ရဲ့ ကုမ္ပဏီ မှာအလုပ်လုပ်ပေမယ့် Employer of Record အနေနဲ့ခန့်ထားပြီးနောက် On-board ပြုလုပ်ခြင်းကနေစပြီး အလုပ်ထွက်/ထုတ်တဲ့အထိ မိမိရဲ့အလုပ်သမားအနေနဲ့တာဝန်ယူထားခြင်းပဲဖြစ်ပါတယ်။ အဓိကအားဖြင့် စာရွက်စာတမ်းကိစ္စတွေ၊ လစာတွက်ပေးတာတွေ၊ အခွန်ကိစ္စတွေအပြင် တခြားသော HR တာဝန်များကို မြန်မာနိုင်ငံဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ကိုင်တွယ်ပေးခြင်းပဲဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကိုများသောအားဖြင့် ဘယ်လို စီးပွားရေးလုပ်ငန်းတွေကအသုံးပြုသလဲဆိုရင်
🔸 မြန်မာပြည်မှာ Entity မရှိသေးတဲ့စီးပွားရေးလုပ်ငန်းတွေ
🔸 လိုင်စင်မရသေးသော်လည်း Operation စတင်ဖို့ ဝန်ထမ်းခန့်ထားဖို့လိုအပ်တဲ့လုပ်ငန်းတွေအပြင်
🔸 Start-up ကုမ္ပဏီ တွေမှာ အများဆုံးအသုံးပြုကြပါတယ်။
ကုမ္ပဏီတခုအနေနဲ့ ဥပဒေအရသတ်မှတ်ထားတဲ့ နိုင်ငံခြားသားဝန်ထမ်းအရေအတွက်အား အပြည့်ခန့်အပ်ပြီးသော်လည်း စီးပွားရေးလုပ်ငန်းတခုအနေနဲ့ ကုမ္ပဏီရဲ့အစီအစဉ်များနဲ့ရည်မှန်းချက်များကိုအောင်မြင်စေဖို့ သတ်မှတ်ထားသည့်လူဦးရေ စာရင်းထက် ကျော်လွန်ပြီးခန့်အပ်ချင်တဲ့အခါမျိုး မှာလည်း ဒီဝန်ဆောင်မှုကိုအသုံးပြုပီး ဝန်ထမ်းခန့်အပ်လေ့ရှိပါတယ်။
အမျိုးမျိုးသောစက်မှုလုပ်ငန်းတွေမှာလည်း PEO Services ကိုအသုံးပြုကြပါတယ်။ ဥပမာ - ထုတ်လုပ်သူတွေ နှင့် ဝန်ဆောင်မှုပေးသူတွေအပါအဝင် အဆင့်မြင့်နည်းပညာကုမ္ပဏီ၊ Telecom ကုမ္ပဏီတွေမှာလည်းအသုံးပြုကြပါတယ်။
ဒီဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေရနိုင်သလဲဆိုရင်...
🔸 စီးပွားရေးလုပ်ငန်းများအနေနဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာမှု သို့မဟုတ် အချိန်ကုန်စေတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာ အချိန်ကုန်ခြင်းထက် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းများကို ပိုမိုအာရုံစိုက်လာနိုင်မှာပဲဖြစ်ပါတယ်။
🔸 စီးပွားရေးလုပ်ငန်းတွေကြီးထွားလာတာနဲ့အမျှ လုပ်ငန်းရှင်များသည်လည်း လုပ်ခလစာတွက်ချက်ခြင်းနဲ့သက်ဆိုင်တာတွေကို မြန်မာနိုင်ငံဥပဒေ နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ အချိန်မပေးနိုင်ကြတော့ပါဘူး။
🔸 ဝန်ဆောင်မှုပေးသူတွေဟာ ဒီနယ်ပယ်မှာကျွမ်းကျင်သူများဖြစ်တာကြောင့် ဝန်ဆောင်မှုအပေါ် မှာပဲဖြစ်ဖြစ် ဥပဒေအရပဲဖြစ်ဖြစ် စိတ်ပူစရာမရှိပါဘူး။
သင့်ရဲ့ လုပ်ငန်းအပေါ်မှ အခုထက်ပိုပြီးအာရုံစိုက်ချင်တယ်ဆိုရင်တော့ ဝန်ထမ်းလစာ Payroll တွက်ချက်ခြင်းနဲ့အတူ အခြားသော HR နဲ့သက်ဆိုင်လုပ်ငန်းဆောင်တာတွေအတွက် စိတ်ချယုံကြည်ရတဲ့ PEO Services အသုံးပြုဖို့အကြံပြုပါတယ်။