facebook tracking image
What Does It Take to Be a Great IT Professional?
Career Advice

What Does It Take to Be a Great IT Professional?

IT သမားကောင်းတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်သလဲ။

IT သမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးတွေရှိနေသင့်လဲဆိုတာသိဖို့လိုပါတယ်။ မိမိအသက်မွေးဝမ်းကြောင်းပြုလုပ်လိုသော IT Type ပေါ်မူတည်ပြီး မည်သို့သော IT Speciality မျိုးကိုလေ့လာသင့်လဲ၊ ဘယ်လို Skill မျိုးရှိသင့်သလဲဆိုတာ သိသင့်ပါတယ်။ လူသားတစ်ယောက်အတွက် ပျော်ရွှင်မှုတစ်ခုဆိုတာ မိမိဝါသနာပါသောအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ခြင်းလဲပါဝင်နေပြန်တယ်။ အဲ့ဒါကြောင့် သင်ဟာ IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် ဘယ်လို IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုလဲစဉ်းစားပါ။အခြေခံအားဖြင့် IT ခေါင်းစဉ်အောက်တွင် ကောင်းမွန်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သော လမ်းကြောင်းများကို ဖော်ပြထားပါတယ်။

(1) ပထမဆုံးအခြေခံအားဖြင့် Speciality ကို စဉ်းစားစေချင်ပါတယ် ဥပမာ - Software (Developing/Implementation) အပိုင်းကိုသွားမလား? Network (System/Security/Switching & Routing) အပိုင်းကိုသွားမလား? ဘယ်လိုအပိုင်းမျိုးကိုပိုစိတ်ဝင်စားသလဲဆိုတာ သေချာစဉ်းစားပါ။

(2) သင်ရွေးချယ်တဲ့ Speciality မှာ ရူးသွပ်နေဖို့လည်း လိုအပ်ပါတယ်။ ရူးသွပ်ဖို့လိုတယ်ဆိုလို့ တစ်မျိုးတော့မထင်လိုက်ပါနဲ့… သင်ရွေးချယ်တဲ့အပိုင်းမှာ အာရုံပိုစိုက်ပြီးပြင်းပြင်းထန်ထန်ကြိုးစားစေချင်တာပါ။

(3) သင်ရွေးချယ်တဲ့အပိုင်းမှာ Specialist တစ်ယောက်ဖြစ်ပြီဆိုရင် နောက်ထပ်သေချာစဉ်စားဖို့လိုလာတာက သင်ဟာ Technical အပိုင်းသီးသန့်သွားရတာကို စိတ်ဝင်စားသူလား ဒါမှမဟုတ် Technical (50%) Management (50%) အပိုင်းဘက်ကို ပိုစိတ်ဝင်စားသူလား (ဒါမှမဟုတ်) Management အပိုင်းကိုပဲ စိတ်ဝင်စားတဲ့သူလား ဆိုတာသေချာစဉ်းစားစေချင်ပါတယ်။

ဒါတွေသိပြီဆိုရင် သင်ဘယ်လို IT သမားကောင်းတစ်ယောက် ဖြစ်လာနိုင်မလဲ ဆိုတာသိလာမှာပါ။ IT သမားတော်တော်များများအတွက် ဘွဲ့တွေ Diploma တွေ Certificate တွေထက် မိမိမှာရှိတဲ့ IT Skills ကပိုပြီးအရေးကြီးတဲ့ တစ်ပိုင်းတစ်နေရာကနေ ပါဝင်နေတာကို တခါတလေ ကြုံတွေ့ရမှာပါ။ ဒါကြောင့် တစ်ခုခုကိုလေ့လာတဲ့အခါမှာ အသေးစိတ်သိအောင် ဂရုစိုက်သင်ယူစေချင်ပါတယ်။

ဘယ်လိုလေ့လာသင်ယူမလဲ?

အမြန်ဆုံးရေကူးတက်ချင်ရင် ရေကူးကန်ထဲကိုခုန်ချခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ အလားတူပဲ နည်းပညာတစ်ခုကိုလေ့လာမယ်ဆိုလျှင်လည်း အဆက်ခဲဆုံးအပိုင်းကို စမ်းပြီးလေ့လာစေချင်ပါတယ် ကိုယ့်ထက် Senior ကျပြီး သက်ဆိုင်ရာ Speciality တွေမှာ အားသာတဲ့သူတွေကို Follow လုပ်သင့်ပါတယ်။

နည်းပညာကိုမျှဝေပါ။

သူမသိသော နည်းပညာနှင့် ကိုယ်မသိသော နည်းပညာတွေကိုမျှဝေခြင်းဖြင့် ဗဟုသုတတိုးပွားနိုင်ပါတယ်။

မနိုင်ဝန်ထမ်းပါ။

ဥပမာ - ကိုယ်အရည်အချင်းမမှီတဲ့ အလုပ်ကိုလျှောက်ပါ။ အလုပ်မရနိုင်ပေမယ့်လည်း ဘယ်လိုအရာတွေကို လေ့လာသင့်သလဲဆိုတာ Interview မှာ သင်သိနိုင်မှာပါ။

စာအုပ်ဖတ်လိုက်တဲ့အခါ တွေ့ရတဲ့အချက်များကို အလွတ်မမှတ်ဘဲ လက်တွေ့လုပ်ပါ။ တွေးခေါ်ပါ။ သင်ဟာဒီအခြေအနေတစ်ခုတည်းမှာရပ်တန့်နေလို့မရပါဘူး။ ဘယ်လိုအိုင်ဒီယာ အသစ်အဆန်းမျိုး ပြုလုပ်လိုလဲဆိုတာစဉ်းစားဖို့လိုပါတယ်။ ဥပမာ Software ပိုင်းမှာ Coding ဟာ ဒုတိယဦးစားပေးအဆင့်ပါ။ ပထမဦးစားပေးအဆင့်ဟာ ဘယ်လိုပုံစံမျိုးကို တီထွင်ချင်လဲဆိုတဲ့ အတွေးအခေါ်မျိုးပေါ်တွင်သာမူတည်ပါတယ်။ ဒါကြောင့် သင့်အိုင်ဒီယာဟာကောင်းမွန်ပြီး လူကြိုက်များလျှင် အောင်မြင်တဲ့နယ်ပယ်တစ်ခုကိုရောက်နိုင်ပါတယ်။

ဒီလိုအချက်လေးတွေကို သတိထားပြီး လေ့လာမယ်ဆိုရင် ကျွမ်းကျင်တဲ့ IT ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်အပတ်တွေမှာ IT လောကရဲ့ လစာကောင်းတဲ့အလုပ်တွေ ဘယ်လို IT သမားကို ဘယ်လို Company တွေက အလုပ်ခေါ်လေ့ရှိသလဲ ဆိုတဲ့အကြောင်းတွေကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020