facebook tracking image
What Young People Should Prepare Before Applying for a Job
Career Advice

What Young People Should Prepare Before Applying for a Job

လူငယ်တွေအနေနဲ့ အလုပ်တစ်ခုမလျှောက်ခင် ဘာတွေကြိုပြီးပြင်ဆင်သင့်လဲ?

(၁) အလုပ်တစ်ခုကိုမလျှောက်ခင်မှာ ကိုယ်ဘယ်အပိုင်းကိုရွေးချယ်မလဲဆိုတာ အရင်စဉ်းစားပါ။
ကိုယ့် Career ကိုဘယ်လိုလုပ်မလဲ၊ ဘယ်လို Develop ဖြစ်အောင်လုပ်မလဲဆိုတာကြိုတင်စဉ်းစားထားပါ။ ဥပမာ - B.Com နဲ့ ကျောင်းပြီးထားတဲ့ကျောင်းသားတစ်ယာက်က Pharmaceutical ကိုလျှောက်လို့မရသလို Engineering နဲ့ ကျောင်းပြီးထားတဲ့သူတစ်ယောက်က Accounting ဘက်ကိုလျှောက်မယ်ဆိုရင် ဒါဟာ Wrong Career ဖြစ်သွားပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ Major က တကယ့်အလုပ်ခွင်မှာ အသုံးချလို့မရတာမျိုးတွေရှိတတ်ပါတယ်။ အထူးသဖြင့် B.Sc(Physics) ဘွဲ့ နှင့် B.A(Myanmar) တို့လိုဘွဲ့ယူထားတဲ့ လူတွေအတွက်ဆိုရင်တော့ ချွင်းချက်အနေနဲ့ကိုယ်ရဲ့ဝါသနာပါတဲ့ Career ဒါမှမဟုတ် ဘယ်အလုပ်မျိုးက ကိုယ့်အတွက်အသုံးဝင်လာနိုင်မယ်ဆိုတာကိုစဉ်းစားပြီး အလုပ်ကို ရွေးချယ်လျှောက်ထားပါ။

(၂) လူငယ်နဲ့အတွေ့အကြုံ ဘာလို့ထပ်တူမကျလဲဆိုတာ စဉ်းစားပါ။
“ကျွန်တော်၊ကျွန်မတို့က ခုမှဘွဲ့ရတာလေ။ ဘယ်လိုလုပ်အတွေ့အကြုံရှိမှာလဲ" လို့ မေးနိုင်ပါတယ်။ ကျောင်းပြီးခါစ Fresh Graduate တွေက လုပ်ငန်းအတွေ့အကြုံမရှိဘူးဆိုတာ သဘာဝပါ။ ဒီလိုပဲကိုယ်ဖြစ်ချင်တာလေးကို ရွေးချယ်လျှောက်ရင်း အတွေ့အကြုံဆိုတာရှိလာတာပါ။ အတွေ့အကြုံမရှိလို့ ကိုယ့်ကို အလုပ်မခန့်တဲ့ အလုပ်ရှင်ကိုလည်း အပြစ်မတင်ပါနဲ့။ Job Description မှာ ကျောင်းပြီးခါစ လူငယ်တွေကို ဦးစားပေးအလုပ်ခန့်မည်ဆိုတဲ့ မှတ်ချက်ပါတဲ့ အလုပ်မျိုးကိုသာ ရွေးချယ်အလုပ်လျှောက်ပါ။

(၃) လစာကို မကြည့်ပါနဲ့။
လူတိုင်းလစာများတဲ့အလုပ်ကို လိုချင်ကြပါတယ်။ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာကိုမစဉ်းစားပဲ Salary ကောင်းတာတွေ့တာနဲ့ လျှောက်လိုက်မယ်ဆိုပြီး မလုပ်သင့်ပါဘူး။ လစာကို အဓိက Priority မထားကြပါနဲ့။ ကိုယ့် Skills ပြည့်လာရင် Salary ဆိုတာ Position ရဲ့နောက်မှာကပ်ပါလာပါတယ်။ ကိုယ့်အရည်အချင်းပြည့်အောင် အရင်ဖြည့်ပါ။ Career နဲ့ ယူထားတဲ့ဘွဲ့ မကိုက်ဘူးဆိုပြီး လက်မလျှော့ပါနဲ့။ အဓိကအချက်ကတော့အလုပ်တစ်ခုမလျှောက်ခင်မှာ ကိုယ်ရွေးချယ်တဲ့လမ်းကြောင်းက အနာဂတ်အတွက် ဘယ်လိုအထောက်အကူပြုမလဲဆိုတာကိုစဉ်းစားပြီးရွေးချယ်ပါ။ ဘာအလုပ်ပဲလုပ်ရလုပ်ရ လစာအများကြီးရရင် ကျေနပ်ပါပြီဆိုတဲ့စိတ်ကိုဖျောက်ပါ။

(၄) အလုပ်ကောင်းတစ်ခုရဖို့ Master တွေ Diploma တွေရှိမှဆိုတဲ့အတွေးကိုပြင်ပါ။
အလုပ်တစ်ခုရဖို့ Master တွေ Diploma တွေမလိုအပ်ပါဘူး။ ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ လုပ်နိုင်စွမ်းကိုအရင်လေ့လာပါ။ ကျောင်းတွေပဲတက်နေမယ်၊ ဘွဲ့တွေပဲ တစ်ခုပြီးတစ်ခုယူနေ ပြီးလုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံမရှိရင် ဘယ်အလုပ်ရှင်မှအလုပ်ခန့်မှာမဟုတ်တဲ့အတွက် အလုပ်မလုပ်သေးပဲကျောင်းဆက်တက်မယ်ဆိုတဲ့ အတွေးတွေကိုပြင်စေချင်ပါတယ်။ အလုပ်လုပ်ရင်းနဲ့တစ်ဖက်တစ်လမ်းကနေ ကိုယ့်အလုပ်အတွက်အထောက်အကူပြုမယ့် သင်တန်းမျိုးကိုတက်ပါ။ လေ့လာသင်ယူပါလို့ ပြောချင်ပါတယ်။

(၅) ကိုယ့်ရဲ့အားသာချက်ကဘာလဲဆိုတာဆန်းစစ်ပါ။
အလုပ်လျှောက်တယ်ဆိုတာ ကိုယ့်ရဲ့အရည်အချင်းကို Company ကိုလာရောင်းတာပါ။ ပစ္စည်းတစ်ခုရောင်းရင် အဲဒီပစ္စည်းရဲ့ အရည်အသွေးကောင်းကွက်ကို ရည်ညွှန်းပြပြီး ဝယ်ချင်လာအောင် ရောင်းရသလိုပဲ Interview ဖြေတဲ့အခါမှာ ကိုယ့်ရဲ့အရည်အချင်း ကိုယ့်ရဲ့ကျွမ်းကျင်ပိုင်နိုင်မှုအပိုင်းကို သေချာရှင်းပြဖြေဆိုပါ။ အရေးကြီးတာက အလုပ်မလျှောက်ခင်မှာ ကိုယ့်ရဲ့အရည်အချင်းနဲ့ ကိုယ်လျှောက်မဲ့အလုပ် ကိုက်ညီမှုရှိမရှိ ဆန်းစစ်ပါ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020