facebook tracking image
When Boredom Hits During the Stay-at-Home Days of COVID
Career Advice

When Boredom Hits During the Stay-at-Home Days of COVID

COVID ကြောင့် Stay at Home ကာလမှာ အိမ်မှာပဲနေရင်း ပျင်းရိလာတဲ့အခါ 

အခုလို Covid ကာလအတွင်းမှာ Company တော်တော်များများကလည်း အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် Operation တော်တော်များများကိုလျော့ချလိုက်ရတဲ့အပြင် Work From Home Process လည်းပြန်လုပ်နေကြတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။

အဲ့လိုအချိန်မှာ အဓိကဘာကြုံတွေရလဲဆိုတာ ပျင်းရိလာခြင်းပါ။ အခုလိုကာလအိမ်ကနေလုပ်ရတဲ့အချိန်မှာ Colleagues တွေရော ကိုယ့်ရဲ့ Supervisors တွေရော ကိုယ့်ရဲ့သူဌေးတွေကပါ အနားမှာမရှိတာရော တစ်ယောက်တည်း Lonely ဖြစ်တာရောကြောင့် ပုံမှန်ထက် ကျွန်မတို့တော်တော်များများ ပျင်းရိတတ်ကြပါတယ်။ For example, ''ဒါလေးက ငါခဏနေမှ လုပ်လို့ရတာပဲ ပြီးမှပဲလုပ်တော့မယ်''...အဲ့လိုနဲ့ How Soon 'not now' becomes 'never' ဆိုတာတွေဖြစ်လာပါတယ်။

အဲ့တော့ပျင်းရိခြင်းကို ဘယ်လိုရပ်တန့်ကြမလဲ?

(1) Start with just a small step
အဓိကပျင်းရိရခြင်းအကြောင်းက ကိုယ့်ရဲ့အတွင်းစိတ်ကခုခံပြီး ထိန်းချုပ်နေလို့ပါ။
"ငါ ဒါကိုလုပ်လိုက်ရင် ခဏလေးပဲကြာမှာပါ..အဲ့တော့ ခဏနေမှပဲ လုပ်တော့မယ်'' ကိုယ်ရဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့အလုပ်ပါ။ အဲ့တော့အခက်ခဲဆုံးစိတ်ကို ရိုးစင်းတဲ့အရာတွေနဲ့ အရင်စတင်အနိုင်ယူကြည့်ပါ။ မနက်အစောကြီးမထချင်တဲ့စိတ်ကို အနိုင်ယူဖို့ မနက်အစောကြီးထ လန်းဆန်းသွားအောင် ၁၀ မိနစ် လောက် လေ့ကျင့်ခန်းလုပ်ကြည့်တာမျိုးပေါ့။

(2) Do a small part of the matters in your day
တစ်နေ့တာလုပ်ရမယ့်အရာလေးတွေကို အစိတ်အပိုင်းအသေးလေးတွေ ခွဲပြီး စတင်လုပ်ဆောင်ကြည့်ပါ။ ဥပမာ.. Emails တွေ အများကြီးစစ်ရမယ့်အလုပ်ကိုစလုပ်လိုက်ပြီး ၅ မိနစ်လောက်လုပ် ခဏရပ်ပြီး မိနစ် ၃၀ လောက် Facebook or Social Media ထိုင်သုံးနေတာမျိုးလုပ်မယ့်အစား ဒီနေ့မနက် ငါ Email အစောင် ၂၀ or ၃၀ ကို တခါတည်းအပြီးစစ်မယ်လို့ ခွဲလိုက်တာမျိုးကလည်း နောက်လုပ်မယ့် အလုပ်တွေမှာ Motivation ရ၊ Organize လည်းဖြစ်စေပါတယ်။

(3) Fully focused work with small breaks of lazy time
ကျွန်မတို့တော်တော်များများပြုမူလေ့ရှိတဲ့ " ငါ ဒီအလုပ်မလုပ်ခင် ခဏနားလိုက်ဦးမယ် ပြီးရင် ဒါလေးဆက်လုပ်လိုက်ရင် ပြီးပြီ" ဆိုတဲ့ ကိုယ့်ကိုကိုယ် Excuses တွေပေးတာမျိုးတွေမလုပ်ပါနဲ့။ "ငါတော့ ဒီအလုပ်ကို ဘယ်အချိန်အတွင်းပြီးအောင်လုပ်မယ်... ပြီးရင် ငါ ၁၀ မိနစ်လောက်နားမယ် ဆိုတာမျိုးကိုလေ့ကျင့်ပါ'' ကိုယ့်ရဲ့ Lazy Time Limit ကို အနိုင်ယူတာမျိုးလုပ်ပါ။

(4) Put the Gadget away while you are working
အလုပ်လုပ်နေတဲ့အချိန်အတွင်းမှာ ကိုယ့်ရဲ့စိတ်ထွက်ပေါက်ဖြစ်နေနိုင်တဲ့အရာတွေကို အဝေးမှာထားထားပါ။ ဥပမာ - Facebook Notification တွေ or တခြား ကိုယ့်စိတ်ကိုဆွဲဆောင်နိုင်တဲ့ Notifications လိုအရာတွေကို အတတ်နိုင်ဆုံးဖျောက်ထားပါ။ And control yourself to escape from that things.

(5) Let the energy, enthusiasm and motivation of others in
တခြားသူတွေရဲ့ Motivation တွေ စိတ်အားထက်သန်မှုတွေကိုလည်းအမြဲတမ်းလေ့လာပါ။ Be surrounded with those people. အမြဲတမ်းအဲ့လိုလူတွေနဲ့တူတူ အချိန်ဖြုန်းတာပဲဖြစ်ဖြစ် သူတို့ရဲ့ Speech တွေ နားထောင်တာပဲဖြစ်ဖြစ် လုပ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့အတွေးတွေ၊ စိတ်တွေကို အမြဲတမ်းမပျင်းရိစေတာမျိုးဖြစ်စေပါတယ်။

(6) Be accepted or Truly appreciate your lazy time
တခါတလေ လူတိုင်းက အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ Relationship ကြောင့်ပဲဖြစ်ဖြစ်၊ Family ကြောင့်ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ Stress ဒဏ်ကိုခံစားနေကြရပါတယ်။ အဲ့တော့ ခဏတာပျင်းရိစွာ ဘာမှမလုပ်ပဲ အချိန်ကုန်ဆုံးခြင်းဟာလည်း ကျွန်မတို့ကို အားပြန်ပြည့်အောင် အပန်းပြေအောင်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပျင်းရိခြင်းဟာ ကျွန်မတို့ကို ထုံထိုင်းစေနိုင်တဲ့အပြင် ကျန်းမာရေးကိုပါထိခိုက်စေနိုင်တဲ့အတွက် အလွန်အကျွံမဖြစ်အာင်တော့ထိန်းချုပ်ပါ။ ဥပမာအနေနဲ့ Weekends မှာ TV series ကိုတစ်နေကုန်ထိုင်ကြည့်နေမယ့်အစား ကိုယ့်ကြိုက်တဲ့စာအုပ်ကိုခဏလောက်ဖတ်တာမျိုးနဲ့ ကိုယ့်ရဲ့ပျင်းရိခြင်းကို Enjoy လုပ်နိုင်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020