facebook tracking image
When Is the Right Time to Change Jobs After Your First Job?
Career Advice

When Is the Right Time to Change Jobs After Your First Job?

First Job ကနေ ဘယ်အချိန်မှာ အလုပ်ပြောင်းသင့်လဲ?

လုပ်ငန်းခွင်ဝင်ရောက်တဲ့အချိန် လုပ်သက်အားဖြင့် ဘယ်နှစ်နှစ်လောက်နေရင် နောက်ထပ် New Opportunity ကိုထပ်ရှာသင့်လဲဆိုတာ ဘယ်လ်ုိနှုန်းတွေနဲ့ စဉ်းစားကြမလဲ တွက်ချက်ကြမလဲ?  ဒါကတကယ်ကိုမှ စဉ်းစားစရာပါပဲ။  

၁။ ပထမဆုံး ဘယ်အချိန်လောက် ဘယ်နှစ်နှစ်လောက်နေရင် ပထမအလုပ်ကနေ ထွက်သင့်လဲ?
ဒါကတော့ အင်မတန် ရိုးရှင်းပါတယ်။ အချိန်သတ်မှတ်ချက်ဆိုတာမျိုးမရှိပါဘူး။ များသောအားဖြင့် တစ်နှစ်လောက်အလုပ်လုပ်ပြီး အလုပ်အသစ်ကိုပြောင်းတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ တစ်နှစ်နေသင့် မနေသင့် အဲ့ထပ်ပိုနေရမှာလား ဆိုတဲ့ အချိန်တစ်ခုတည်းကိုပဲသတ်မှတ်တဲ့ ဘောင်အတွင်းကနေ မစဉ်းစားစေချင်ပါဘူး။ ကိုယ်ကိုယ်တိုင် လက်ရှိရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင်အခြေအနေဘယ်လိုရှိလဲ၊ ရာထူးအလိုက် လုပ်ငန်းဆောင်တာတွေက ဘာတွေဖြစ်မလဲ၊ ကိုယ့်ရဲ့ Future Plan နဲ့ရော ဘယ်လောက်အတိုင်းတာထိ ကိုက်ညီမှုရှိလဲ ဒါတွေကိုပါထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ဒါပေမယ့် အလုပ်တစ်ခုမှာ ခဏပဲလုပ်ပြီး ထွက်ရင်လည်း Career မှာ Jumpy ဖြစ်တယ်လို့အထင်ခံရနိုင်တဲ့အတွက် မထွက်ခင်မှာ အပေါ်ကမေးခွန်းတွေကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဆန်းစစ်ပါ။ တကယ်တန်း မထွက်သင့်သေးဘူး ပိုကောင်းတဲ့ Opportunity တွေရနိုင်ဖို့ ခဏလောက်ထပ်နေပြီး သင်ယူလို့ရနိုင်သေးတာကြောင့် ဆက်လက်သင်ယူလိုက်တာမျိူးဆိုလည်း အဆင်ပြေပါတယ်။

၂။ First Job ကနေ သေချာပေါက်အလုပ်ထွက်မယ်လို့ဆုံးဖြတ်ပြီးရင် ဘယ်လိုမျိုးအခြေနေတွေ ထည့်သွင်းစဉ်းစားသင့်လဲ?
လုပ်ငန်းခွင်ထဲမှာ ကြုံတွေရတဲ့အခက်အခဲတွေကလည်း ဘယ်လောက်အတိုင်းအတာအထိကိုယ့်အပေါ်မှာသက်ရက်မှုရှိနေလဲဆိုတာလည်း အလုပ်ထွက်ဖို့အတွက် စဉ်းစားသင့်တဲ့အချက်တစ်ချက်ပါ။ လုပ်ငန်းခွင်ထဲပထမဆုံးစဝင်တဲ့သူ ဖြစ်တဲ့အတွက် ကျောင်းတက်ခဲ့တဲ့ အချိန်တွေလို ပေါ့ပါးနေမှာမဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေလည်းတွေ့ကြုံရနိုင်တဲ့အပြင် အရမ်း Politics များတဲ့ Team မှာသာ အလုပ်လုပ်ရရင် လူပင်ပန်းတာထက် စိတ်ပိုပင်ပန်းစေမှာပါ။ သေချာပေါက် ထွက်ချင်စိတ်အခါခါ ဖြစ်စေမှာပါ။ ဒီလိုအခြေနေတွေရင်ဆိုင်နေရရင်တော့ ကိုယ့်ရဲ့အထက်လူကြီး ဒါမှမဟုတ် Management Team ကို အကျိုးသင့်အကြောင်းသင့် တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သင့်ပါတယ်။ ဘယ်လိုမှဖြေရှင်းမရရင်တော့ အလုပ်ထွက်ဖို့အတွက် ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုပါပဲ။

၃။ နောက်တစ်ချက်ကတော့ ပိုကောင်းတဲ့အခွင့်အရေးတစ်ခု ရထားပြီးပြီလား?
Digital ခေတ်ဖြစ်တဲ့အတွက် Job Agency Websites တွေမှာ မိမိရဲ့ CV သို့ Resume ကို Register လုပ်ထားရင်လည်း သင့်တော်တဲ့ အခွင့်ရေးတွေကမ်းလှမ်းခံရနိုင်ပါတယ်။ သို့မဟုတ် LinkedIn အသုံးပြုခြင်းအားဖြင့်လည်း Company HR တွေမှ တိုက်ရိုက်ဆက်သွယ်ပြီး အလုပ်အကိုင်အခွင့်လမ်းသစ်တွေ ရတတ်ပါတယ်။ ဒီလိုအခြေနေမျိုးမှာ အလုပ်အသစ်က လက်ရှိအလုပ်ထပ်တကယ်ကိုမှ ကိုယ်ရဲ့ Future Plan နဲ့ကိုက်ညီနေတယ်၊ Salary နှင့် တခြား Benefits တွေကလည်း လက်ရှိအလုပ်ထက်သာနေရင် သေချာပေါက် လက်ရှိအလုပ်ကနေထွက်သင့်ပါတယ်။ Second Job အနေနဲ့ ကောင်းမွန်တဲ့ အခွင့်အရေးကို အမိအရယူသင့်ပါတယ်။  

၄။ နောက်ထပ်တစ်ချက်အနေနဲ့ Salary ကလက်ရှိ Level နဲ့ Fresh Graduate တစ်ယောက်ကို ခန့်ထားပြီး ကာလတစ်ခုကြာသည်အထိ Under Paid ဖြစ်နေတယ်ဆိုလည်း အလုပ်ပြောင်းဖို့ ကြိုးစားသင့်ပါတယ်။ ကိုယ့်လစာက Under paid ဖြစ်မဖြစ်ကတော့ Recruiter တွေနဲ့ စကားပြောဆိုဆွေးနွေးပြီး Market Range ကဘယ်လိုရှိတယ်ဆိုတာ အနီးစပ်ဆုံးသိနိုင်ပါတယ်။

၅။ နောက်ဆုံးတစ်ချက်ကတော့ ပညာရေးပိုင်းကို ပိုပြီးအားသန်တဲ့သူတွေအနေနဲ့ Bachelor Degrees ရပြီး First Job ကို Experience ရလိုတဲ့အနေနဲ့ Join ပြီးတဲ့နောက် Scholar ရတာမျိုး နိုင်ငံခြားကျောင်းသွားတက်ဖို့ Master Degree ဆက်တက်ဖို့ အခွင့်အရေးရခဲ့ရင်လည်း ပထမအလုပ်ကနေထွက်ဖို့အတွက်လုံလောက်တဲ့ Reasons ဖြစ်ပါတယ်။  

Fresh Graduate တွေအနေနဲ့ ကိိုယ်ပထမဆုံး Join တဲ့အလုပ်ကို တန်ဖိုးထားစေချင်ပါတယ်။ အမှန်တကယ် ကြိုးစားစေချင်ပါတယ်။ ပထမဆုံးလုပ်ငန်းခွင်ကိုစတင်ထိတွေ့တဲ့နေရာမှာ သင်ယူစရာတွေ တကယ်ကိုမကုန်နိုင်အောင်များပါတယ်။ တစ်ခဏတာလုပ်ပြီး အလုပ်တစ်ခုပြီးတစ်ခု ပြောင်းခြင်းက ရေရှည်မှာ Jumpy ဖြစ်တယ်လို့ထင်ခံရတဲ့အတွက် လုပ်ငန်းရှင်တွေ သဘောမကျတတ်ပါဘူး။ ဒါကြောင့်အလုပ်ကနေထွက်ဖို့ စဉ်းစားနေပြီဆိုရင် ဆုံးဖြတ်ချက်မမြန်ဘဲနဲ့ အပေါ်မှာပြောပြသွားတဲ့အချက်တွေကို သေချာလေးစဉ်းစားကြည့်ဖို့အတွက် အကြုံပြုတိုက်တွန်းလိုက်ပါတယ်။ 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020