facebook tracking image
​When You're Feeling Overwhelmed and Emotionally Drained
Personal Development

​When You're Feeling Overwhelmed and Emotionally Drained

စိတ်ဓာတ်ကျ၊ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင်

အခုလက်တလောဖြစ်နေတဲ့ COVID ကိစ္စတွေ၊ အခြေအနေတွေကြောင့် စိတ်ဓာတ်ကျနေတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးအပါအဝင် လူတိုင်းလိုလိုစိတ်ဓာတ်ကျနေကြရပါတယ်။ ဒါကြောင့်လည်း အားငယ်နေစရာ မလိုပါဘူး။ ဒါကြောင့် အခု ကျွန်တော်ပြောပြပေးချင်တဲ့ အချက် (၄) ချက်ကို ကိုယ်တိုင်လည်း လေ့ကျင့်ယူနေတာကြောင့် ကြိုးစားကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျ၊ စိတ်ဖိစီးနေရာကနေ အနည်းငယ်သက်သာစေမယ်၊ အထောက်အကူဖြစ်စေနိုင်မယ် လို့ထင်မိပါတယ်။ ​

၁။ စိတ်ဓာတ်ကျစေမယ့် အတွေးတွေကိုပြောင်းလဲကြည့်ပါ။  

စိတ်ကအရာရာပါပဲ။ ကျွန်တော်တို့လူသားတွေဟာ အမြဲတမ်း Judgmental Society ထဲမှာနေထိုင်လာခဲ့ပြီးတော့ ဒါတွေနဲ့လွတ်ကင်းပြီး သီးခြားရပ်တည်လို့လည်းမရပြန်ပါဘူး။ ဘယ်သူ့ကိုမှာ အပြစ်မမြင်ခင် ကိုယ့်အပြစ်ကိုရှာနိုင်ကြတာလည်း ဒီလူသားတွေပါပဲ။ ဟိုနားကဘာဖြစ်လို့ နှာခေါင်းကမလှဘူး ပါးစပ်ကမလှဘူး မျကိစိကစွေလို့ မှေးလို့နဲ့ ကိုယ့်ကိုယ်ကိုကဲ့ရဲ့ပြီး အောက်ဆုံးကိုဆွဲချလိုက်ကြပါတယ်။ အဲ့လိုမျိုးဆိုရင်စိတ်ဓာတ်က နဂိုထက်ကျသွားတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတော့ဘဲ အဲ့လိုတွေးမိတဲ့နေ့တစ်နေ့လုံး ဘာလုပ်လုပ်အဆင်မပြေတော့ပါဘူး။ ကိုယ့်ဆီမှာရှိတာက ဒီတိုင်းပါပဲ။ အဓိကပြောင်းလဲနေတာ ကိုယ့်ရဲ့စိတ်ပါ။ ​

ကိုယ့်မှာရုပ်ပိုင်းဆိုင်ရာ အားနည်းမှုရှိတယ်ထင်ရင် အခုချိန်ဒီစာကို ကိုယ့်လောက်မှဖတ်နိုင်တဲ့အခြေအနေမျိုးမရှိတဲ့သူကိုအားနာပါ။ လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ၊ သူများနဲ့မတူညီတဲ့မွေးရာပါစွမ်းရည်တွေ တစ်ဦးချင်းမှာပိုင်ဆိုင်ထားပြီးသားပါ။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့အချိန် ပထမဦးဆုံးလုပ်ရမှာ သင့်ရဲ့အတွေးတွေကို အရင်ဆုံးပြောင်းလဲကြည့်လိုက်ပါ။  

​၂။ မိမိကိုယ်ကိုချီးကျူးပါ အကောင်းမြင်ပါ။

လူတွေရဲ့အတွေးတွေကပဲ ပျော်ရွှင်မှုဆိုတာကိုဖန်တီးနိုင်တာပါ။ မနက်နိုးထလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုချီးကျူးကြည့်ပါ။ ချီးကျူးစရာရအောင် တစ်ခုခုအကျိုးရှိမယ့်အရာဖန်တီးပါ။ တစ်ခုခုအောင်မြင်ပြီးဆုံးသွားတိုင်း ကိုယ့်ကိုယ်ကို Credit ပေးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်း သူ့နေရာနဲ့သူ တော်ကြပါတယ်။ စိတ်သဘောထားကောင်းပြီး ကူညီတတ်တဲ့သူဖြစ်အာင်နေကြည့်ပါ။ ဒါဟာအတော်လေးကို ချီးကျူးစရာကောင်းတဲ့အရာပါ။ ကိုယ့်ကိုယ်ကို နှိမ်ချပြီးနေကြည့်ပါ။ ဒါလည်း လူတိုင်းမလုပ်နိုင်တဲ့အရည်အချင်းပါ။ အချိန်လေးစားတဲ့ လူတစ်ယောက်အဖြစ်လဲနေကြည့်ပါ။ ဒါကလည်း အတော်လေး ချီးကျူးစရာကောင်းတဲ့အချက်တစ်ချက်ပါ။ သင်သတိထားမိလာမှာက မိမိကိုယ်ကို Appreciate လုပ်နေရင်း စိတ်ဓာတ်ခွန်အားတွေရပြီး လုပ်ချင်ကိုင်ချင်တဲ့စိတ်တွေပေါ်လာတာ သင်မြင်ရပါလိမ့်မယ်။ သူများတွေကိုလည်း အားပေးချီးကျူးပေးပါ။ ရိုးရိုးသားသားချီးကျူးခြင်းသည် သူများပါမက ကိုယ်တိုင်လည်းစိတ်ချမ်းသာစေပါတယ်။

​၃။ ဘောင်ထဲမှာမနေပါနဲ့။

ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားတာ အရမ်းစိတ်ဓာတ်ကျလွယ်ပါတယ်။ တစ်ခုခုကို သင်မလုပ်နိုင်ဘူး အခက်အခဲတစ်ခုခုကို သင်မလုပ်နိုင်ဘူး ဆိုပြီးအလွယ်တွေးလိုက်မိပါတယ်။ အဲ့လိုတွေးတာဟာဘာမှသင့်အတွက်အသုံးဝင်မှာမဟုတ်ပါဘူး။ Comfort  Zone ထဲကထွက်ကြည့်ပါ။ သင့်ကိုသင်လက်ခံပါ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားတွေကို သေးသေးကြီးကြီး Limit မလုပ်ပါနဲ့။ လောကကြီးနဲ့ အသားကျဖို့ ကိုယ့်ကိုယ်ကို အရင်ဆုံးလက်ခံပါ။ စိတ်ဓာတ်ကျပြီး ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။  ​

၄။ မိမိမှာရှိတာကိုတန်ဖိုးထားပါ။  

လူအများစုက မိမိမှာရှိနေပြီးသားအရာတွေကို တန်ဖိုးမထားတက်ကြပါဘူး။ တချို့ကလည်း မေ့ကောင်းမေ့နေတာမျိုးတို့ဖြစ်နေပါလိမ့်မယ်။ ကျန်းမာခြင်းရဲ့အကျိုးကျေးဇူးကို နေမကောင်းဖြစ်တော့မှပဲ သတိရတက်ကြသလိုပါပဲ။ ပုံမှန်အတိုင်းနေတဲ့ချိန်မှာ ကျန်းမာရေးရဲ့တန်ဖိုးကိုမေ့နေတက်ကြပါတယ်။ ဒါကြောင့်မိမိမှာရှိတာလေးတွေကိုတန်ဖိုးထားပါ။

မနက်ဖြန်ဆိုတဲ့အရာဟာ မသေချာတာမို့လို့ စိတ်ဓာတ်ကျနေမယ့်အစား လက်ရှိအချိန်ကို အလေးထားပြီး ဘဝကို အကျိုးရှိရှိ၊ ကျန်းကျန်းမာမာ ဖြတ်သန်းကြနိုင်ပါစေ။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016