facebook tracking image
When You Start Losing Focus and Motivation at Work
Career Advice

When You Start Losing Focus and Motivation at Work

"အလုပ်မရှိက ဘဝမရှိနိုင်၊ ဘဝကို အလုပ်နဲ့တည်ဆောက်" ဆိုတဲ့အတိုင်း ကျွန်မတို့တွေဟာ တစ်နေ့တာ စတင်ပြီဆိုတာနဲ့ လုပ်ငန်းခွင်ကိုသွားဖို့အတွက်ပြင်ဆင်ကြရပါတယ်။ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ အခက်အခဲတွေ စိတ်ဖိစီးမှုတွေများလာတဲ့အခါ တစ်ခါတစ်ရံ အလုပ်မှာစိတ်မပါတာတွေ၊ Boring ဖြစ်တာတွေ ကြုံတွေ့လာကြရပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေဖြစ်လာရင်...

Break Time ယူပါ။
လုပ်လက်စအလုပ်ကို ခဏထားခဲ့ပြီး ၅-၁၀ မိနစ် ဖြစ်စေ အာရုံလွှဲပြီး စိတ်ကိုခဏအနားပေးပါ။ Computer ရှေ့ထိုင်နေပြီး အလုပ်ကိုစိတ်မပါလက်မပါလုပ်တာထက် စိတ်ကိုသေချာပြင်ဆင်ပြီးလုပ်ခြင်းဟာ အလုပ်ကို Efficient ဖြစ်စေတာမို့ Break ယူပြီးမိမိစိတ်ကို အနားပေးပါ။ ထို့နောက်မှ ကြည်လင်လန်းဆန်းသော စိတ်အသစ်ဖြင့်ပြန်လည်လုပ်ဆောင်ကြည့်ပါ။

Motivation ရှာပါ။
ကိုယ်ဟာ ဘာကြောင့် ဒီအလုပ်ကိုလုပ်နေသလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲ သိအောင်လုပ်ပါ။ ဥပမာ - ကိုယ်ဟာ ငွေကြောင့် အလုပ်လုပ်တယ်ဆိုပါစို့။ ငွေများများရအောင် အလုပ်များများ ကြိုးစားရမှာပါ။ မိမိစိတ်ကို ပြင်ဆင်ပီး"ငါငွေရှာရမယ်ဆိုတဲ့စိတ်နဲ့" လုပ်တာမျိုး၊ "ငါရာထူးတိုးရမယ်" ဆိုတာမျိုး စသဖြင့် မိမိလိုချင်တဲ့အရာအတွက်တွေးပြီး Motivation ပြန်ရယူနိုင်ဖို့ကြိုးစားပါ။

Life Goal ကို ချရေးပါ။
ကိုယ့်ဘဝမှာ ဘာကိုအောင်မြင်ချင်လဲ? အလုပ်အတွက်သာမက ကိုယ့် Personal Life အတွက် ပါစဉ်းစားပါ။ ကိုယ့်ရဲ့ Goal Plan ကို အမြဲ update လုပ်ပါ။ ဒီနေ့တစ်နေ့တာအတွက်အလုပ်လည်းလုပ်ရင်း ကိုယ့်ရဲ့ Goal အတွက်ပါ ကိုယ့်ရဲ့ Goal ကိုပါနီးစပ်အောင် အနည်းအကျဉ်းပဲဖြစ်ဖြစ်လုပ်ဆောင်ကြည့်ပါ။ ဘောလုံးတစ်လုံးကိုစပြီးလှိမ့်သကဲ့သို့ မိမိဂိုးပေါက်ထိဝင်အောင် နေ့စဉ်လုပ်ဆောင်ပါ။

Challenge အသစ်တစ်ခုဖန်တီးပါ။
ပုံမှန်အတိုင်း အလုပ်လုပ်ရတာ ပျင်းလာပြီဆိုရင် ကိုယ်နေ့စဉ်လုပ်နေ့ကျ Repeated အလုပ်တွေထဲက ခွဲထွက်ကြည့်ပါ။ Project အသစ်တစ်ခုဖြစ်စေ၊ ကိုယ်နဲ့မရင်းနှီးသေးတဲ့ နယ်ပယ်တစ်ခုကိုဖြစ်စေ စတင်လေ့လာကြည့်ပါ။ သင်ဟာ အလုပ်မှာပျင်းနေတာဟာ သင့်မှာလုံလောက်တဲ့ Challenge တစ်ခုမရှိတဲ့အတွက် ပုံမှန်လုပ်နေကျတဲ့မတူနဲ့ အလုပ်ကိုစလုပ်ပါ။ တစ်စုံတစ်ယောက်မှဖြစ်စေ အထက်လူကြီးမှဖြစ်စေ Challenge ပေးလာတာကို ထိုင်စောင့်မနေဘဲ ကိုယ့်အတွက် ကိုယ်တိုင်ဖန်တီးကြည့်ပါ။ ကိုယ်တိုင် ဘယ်လို Challenge လုပ်မလဲ? အလုပ်မှာ goal တစ်ခု ချမှတ်ပါ။ ကိုယ့်ကိုကိုယ် Production Machine တစ်ခုလို သဘောထားပြီး တစ်နေ့ထက်တစ်နေ့ ထုတ်လုပ်အား ပိုမိုကောင်းလာအောင် ကြိုးစားကြည့်ပါ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020