facebook tracking image
Why Consider a Job Change? What You Need to Know Before Making the Move
Career Advice

Why Consider a Job Change? What You Need to Know Before Making the Move

ဘာအတွက်ကြောင့်အလုပ်ပြောင်းသင့်လဲ? အလုပ်ပြောင်းတဲ့အခါမှာ ဘာတွေသိထားသင့်လဲ?

ဒီအကြောင်းအရာနဲ့ပတ်သက်လာရင် တစ်ယောက်နဲ့တစ်ယောက်တစ်ယောက် နားလည်လက်ခံထားကြပုံခြင်း မတူကြပါဘူး။ Recruitment Consultant တစ်ယောက်အနေနဲ့တောင်မှတိကျတဲ့ ပုံသေနည်းတစ်ခုလိုအဖြေသတ်မှတ်ပေးဖို့ခက်ခဲလှပါတယ်။ ဘယ်လိုပဲနားလည်လက်ခံထားပုံခြင်းမတူသည်ဖြစ်စေ အလုပ်လုပ်နေတဲ့လူတိုင်းအတွက် ဒီမေးခွန်းကတော့ အမြဲလိုလိုရှိနေမှာပါပဲ။ ဒီတော့အများစုအလုပ်ပြောင်းဖြစ်တဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်ပြောင်းတဲ့အခါဘာတွေသိသင့်လဲ ဆိုတာနည်းနည်းလောက်လေ့လာကြည့်ရအောင်...

 1) Salary
အလုပ်ပြောင်းဖြစ်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ လစာကြောင့်အလုပ်ပြောင်းတဲ့နေရာမှာ ကိုယ်လုပ်နေရတဲ့ Responsibilities, Job Scope တွေနဲ့ကိုယ်ရနေတဲ့လစာ ကိုက်ညီရဲ့လား? ကိုယ့်ရဲ့လုပ်သက်နဲ့ ကိုယ်ရနေတဲ့လစာ ကိုက်ညီရဲ့လား? Market ထဲမှာ ကိုယ်နဲ့ တန်းတူတွေထက် ကိုယ့်ရဲ့လစာကနည်းနေလား ဒီလိိုမေးခွန်းတွေအတွက် လုံလောက်ကျေနပ်တဲ့အဖြေမထွက်လာတော့ဘူးဆိုရင်တော့ အလုပ်ပြောင်းဖို့ စတင်သင့်ပါပြီ။ ဒီနေရာမှာတစ်ခုသိထားသင့့်တာက ကိုယ့်လက်ရှိလစာရဲ့ ၃၀% ပိုပြီးလစာတိုုးဖို့မျှော်မှန်းထားသင့်ပါတယ်။ဘာကြောင့်ဆို ဒီရာခို်င်နှုန်းက Market ထဲမှာရှိနေတဲ့ ပုံမှန်နှုန်းထားတစ်ခုဖြစ်နေလို့ပါ။ အခြေအနေပေးလာရင်တော့ ၃၀% ထက်ပိုတဲ့လစာကိုရနိင်ပါတယ်။ ဒါပေမယ့် ကိုယ့်လစာထက် ၃၀% တိုးပြီးမျှော်မှန်းထားခြင်းဟာ အသင့်တော်ဆုံးဖြစ်ပြီး Recruitment Agency တွေကတစ်ဆင့် အလုပ်ရှာချင်သူတွေအတွက်လည်း ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။

 2) Career Development
ဒါဟာလည်း အလုပ်ပြောင်းဖြစ်တဲ့ အထဲက အများစု ကြုံတွေ့ရတဲ့ အကြောင်းပြချက်တစ်ခုပဲဖြစ်ပါတယ်။ သင့်တင့်တဲ့လစာကိုရရှိနေပေမယ့် ကိုယ့်အတွက် Development မရှိတဲ့ Organization ထဲမှာရှိနေခြင်းဟာလည်း ရေရှည်မှာ ကိုယ့်အတွက် Bad Impact တွေရှိလာနိုင်ပါတယ်။ နောက်ပြီး ကိုယ့်အတွက်တိုးတက်မှုရှိပေမယ့် နေရာတစ်ခုထဲမှာပဲ အရမ်းကြာအောင်အလုပ်လုပ်တဲ့အခါ Institutionalized ဖြစ်လာတတ်ပါတယ်။ Challenge နည်းလာပြီး နေ့စဉ်လုပ်စရာတွေက ထပ်တလဲလဲ ဖြစ်လာတဲ့ အခြေအနေကို Comfort Zone လို့ခေါ်ပါတယ်။ ဒီလိုမျိုးအခြေအနေကိုတော့ အများစုကြုံဖူးကြမှာပါ။ ဒါဆိုရင်တော့ အလုပ်ပြောင်းဖို့အတွက် စတင်ပြင်ဆင်သင့်ပါပြီ။ ဒီနေရာမှာအလျင််စလိုမရှာပဲ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို ကိုယ့်နဲ့သင့်တော်မယ့် Organization မှာရဖို့အတွက် အချိန်ပေးပြီးရှာ ဖို့တော့လိုပါတယ်။

ကိုယ်နဲ့အဆင်မပြေတာနဲ့ ချက်ခြင်း အလုပ်ပြောင်းတာမျိုးကိုတော့ ရှောင်ရှားစေလိုပါတယ်။ အလုပ်တစ်ခု မလုပ်ခင် Interview တွေဝင်ထဲက ကိုယ်အလုပ်လျောက်တဲ့ Company ရဲ့ Culture, Organization Structure အစရှိတာတွေကို သေသေချာချာ ကြိုတင်လေ့လာထားပြီး ကုုိယ်နဲ့ အမှန်တကယ်သင့်တော်ပြီလို့ယူဆမှ အလုပ်တစ်ခုကိုပြောင်းသင့်ပါတယ်။

 3)  Probation Period
Probation Period ဆိုတာကတော့ Company ဘက်ကနေ စောင့်ကြည့်တဲ့ကာလ ဖြစ်သလို Employee ဘက်ကနေလည်း Company ဘက်ကို စောင့်ကြည့်တဲ့ကာလလည်းဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ပြောင်းပြီးမှ အဆင်မပြေဘူးလို့ယူဆရင်တောင်မှ Probation Period အတွင်းမှာ အပြောင်းအလဲ လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့်အမြဲတမ်းတော့ ထွက်ဖို့မစဉ်းစားသင့်ပါဘူး။ အလုပ်ပြောင်းပြီးခါစ ပတ်ဝန်းကျင် အသစ်တစ်ခုမှာ အသားကျဖို့ အချိန်ယူဖို့လိုတာကိုလည်း သတိပြုစေချင်ပါတယ်။ Probation Period ကျော်သွားပြီးရင်တော့ Company တစ်ခုမှာ အနည်းဆုံး ၁ နှစ်ခွဲကနေ ၃ နှစ် အထိတော့လုပ်သင့်ပါတယ်။  Global Standard အနေနဲ့ဆိုရင်တော့ အနည်းဆုံး ၅ နှစ်ကနေ ၇ နှစ် အထိလုပ်မှ Stable ဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ ကိုယ် တကယ်ပျော်ပြီး တိုးတက်မှုလည်းရှိတယ် သင်ယူစရာတွေလည်းရှိတယ်လို့ ယူဆရတဲ့ Organization မျိုးမှာတော့ ရေရှည်လုပ်တာအကောင်းဆုံးပါ။

 4) Jumpy Career
Probation Period ကျော်သွားပြီး ခိုင်မာတဲ့ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ လပိုင်းနဲ့ အလုပ် ခဏခဏပြောင်းတတ်တဲ့ Candidate တွေကို jumpy ဖြစ်တယ်လို့သတ်မှတ်ပါတယ်။ အဲ့ဒီလိုမျိုး Candidate တွေဟာ ကိုယ်တိုင်အလုပ်ရှာတာပဲဖြစ်ဖြစ် Recruitment Agency ကနေ ရှာတာမျိုးပဲဖြစ်ဖြစ် အခက်အခဲရှိနိုင်ပါတယ်။ ကိုယ့်ရဲ့Profile ကို ကိုယ် ကိုယ်တိုင်ပဲ ဖန်တီးရတာဖြစ်လို့ အလုပ်ခဏခဏ ပြောင်းတဲ့ Jumpy Profile မျိုးမဖြစ်စေချင်ပါဘူး။ နောက်ပြီးအဆင်မပြေလို့ အလုပ်အရင်ထွက်မယ် ပြီးမှအေးအေးဆေးဆေး ပြန်ရှာမယ်ဆိုတာမျိုးကိုလည်းရှောင်ရှားသင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အလုပ်ထွက်တဲ့ သူတွေအတွက်ကတော့ ဒီအချက်ကပြဿနာမရှိပေမယ့် Company Life ထဲပြန်ဝင်မယ့်သူတွေအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ကိုယ််တကယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုရဖိို့အတွက် အချိန်ဘယ်လောက်ပေးရမယ်ဆိုတာခန့်မှန်းဖို့ခက်ခဲလို့ပါ။

အခုလောက်ဆို အလုပ်ပြောင်းဖို့စဉ်းစားနေတဲ့သူတွေ ဘယ်အချိန်မှာ အလုပ်ပြောင်းသင့်လဲဆိုတာ သိချင်နေတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေအတွက် အခုရေးထားတဲ့ Article လေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020