Why Do We Work?
ကျွန်တော်တို့တွေဘာကြောင့်အလုပ်လုပ်ကြသလဲ?
လူတစ်ကိုယ်စိတ်တစ်မျိုးစီဆိုတော့ ဖြေရမယ်ဆိုရင် အကြောင်းအရင်းအမျိုးမျိုးကြောင့်အလုပ်လုပ်နေကြရပါတယ်။ ဒီမှာစလို့ပြောစရာတွေ ထောက်ပြစရာတွေရှိလာပါပြီ။ စစ်တမ်းတွေအရတော့ ငွေကြောင့်အလုပ်လုပ်ကြတာများတယ်လို့ ဆိုကြပါတယ်။ ဒီလိုငွေကြောင့်အလုပ်တဲ့သူတွေများလာတဲ့အတွက် ကိုယ့်ဆိုင်ရာပိုင်ရာနယ်ပယ်တွေမှာ ကျွမ်းကျင်ပြီးအောင်မြင်တဲ့သူတွေ ရှားပါးလာရခြင်းကို ကျတော်တို့နိုင်ငံအနေနဲ့ အဓိကကြုံတွေ့နေရပါတယ်။
တချို့တွေသောပုဂ္ဂိုလ်တွေကတော့ Passionate ဖြစ်တဲ့အလုပ်ရှားလို့ဆိုပြီး အပြစ်တင်ဝေဖန်ကောင်း ဝေဖန်လာနိုင်ပါတယ်။ ဒီအကြောင်းရင်းကလည်း အထိုက်အလျောက်တော့မှန်နေပါသေးတယ်။ ဒါကြောင့် ငွေကြောင့်လည်းအလုပ်လုပ်ပါ။ Career Development အတွက်လည်း အလုပ်လုပ်ရင်း အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
ဒါဆို လူတွေဘာကြောင့်အလုပ်လုပ်ကြပါသလဲ? (Why do we work?)
(1) To feel productive
နေ့တစ်နေ့စလို့ to do list ကိုစစ်ပြီး လုပ်စရာအလုပ်တွေရှိနေတာဟာတစ်နေ့တာအတွက်အကောင်းဆုံးသောစိတ်ခွန်အားတစ်ခုပါ။လုပ်စရာတွေပြီးမြောက်အောင် လုပ်ဆောင်ပြီးလို့ ရလာမယ့် စိတ်ခံစားချက်က သင့်ကိုယ်သင်လောကမှာအသုံးဝင်နေသေးတယ်လို့ခံစားရစေပြီး ကိုယ့်ရဲ့ရှင်သန်နေမှုကို အဓိပ္ပါယ်ရှိစေပါတယ်။
(2) To maintain a standard of living
ကိုယ့်ဝင်ငွေနဲ့ကိုယ်၊ ကိုယ့်စရိတ်ကိုယ်ရှာ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ဆိုတဲ့ကျက်သရေရှိလှတဲ့စကားစုတွေကိုလည်း အလုပ်အကိုင်လေးရှိနေမှ ဂုဏ်ယူဝံ့ကြွားစွာပြောနိုင်တာပါ။ဆိုတော့ ပိုက်ဆံကြောင့်အလုပ်လုပ်ရင်း ကိုယ့်ဘဝကိုယ်လည်း မြှင့်တင်ကြတဲ့သဘောပါပဲ။
(3) To be creative
မသွေးတာကြာတဲ့ဓားဟာ တုံးတယ်၊ မတီးတာကြာတဲ့ တူရိယာတွေဟာ အသံမမှန်ပါဘူး။ ကျွန်တော်တို့ဟာ လူသားတွေပါ။ တနည်းအားဖြင့် ကျွန်တော်တို့ဟာ ဖန်တီးဖို့မွေးဖွားလာကြသူတွေပါ။ လောကမှာ ကိုယ်လုပ်ချင်တာတစ်ခုကိုဖန်တီးပြီးလုပ်ဆောင်ရတာလောက် ကျေနပ်စရာ ဘယ်အရာမှမကောင်းပါဘူး။ ဒီလိုဖန်တီးယူနိုင်ဖို့ရာကျတော်တို့လုပ်ငန်းခွင်မှာ ဒါမှမဟုတ် နေ့စဉ်ဘဝတွေမှာ လေ့လာသင်ယူရင်းနဲ့ပဲ အတွေးအခေါ်အယူအဆအသစ်တွေ၊ Personal Skill အသစ်တွေ ဖန်တီးယူကြရတာပါ။
(4) To have responsibility
တာဝန်ယူတက်ဖို့အတွက်လည်း အလုပ်လုပ်ကြပါတယ်။ တာဝန်ယူရတာ စိတ်ဖိစီးစေတယ်လို့တွေးတက်ကြပေမယ့် အမှန်တကယ်မှာ ကိစ္စတစ်ခု၊အလုပ်တစ်ခုကို ကိုယ်တိုင် ဦးဆောင် တာဝန်ယူပြီးလုပ်နေရတာကိုပဲကျတော်တို့မသိစိတ်ထဲမှာ အလွန်အမင်း သဘောကျတက်ကြပါတယ်။ Self-confidence လည်းတက်စေလို့ကိုယ်အမှန်တကယ် တတ်နိုင်ပြီး တာဝန်ယူရမယ့်ကိစ္စတွေကိုလည်း ရှောင်မနေသင့်ပါဘူး။(တာဝန်ယူပြီးရင် တာဝန်ခံတက်ဖို့လည်း မမေ့ကြပါနဲ့ဦး)
(5) To learn
ဒီတစ်ချက်ကတော့ အလုပ်ခွင်ထဲမှာမှ မဟုတ်ပါဘူး။ အသက်ရှင်နေသမျှပတ်လုံး Learning Processကြီးကိုလုပ်ဆောင်နေကြရတာပါ။ ဒါ့ကြောင့် အလုပ်ခွင်မှာ အောင်မြင်ချင်ရင်တော့ ကိုယ့်အလုပ်ကိုယ် အမြဲတမ်း ဝေဖန်လေ့လာနေပြီး အတွေ့အကြုံတွေကို ကိုယ့်ရဲ့ creativityနဲ့ပေါင်းစပ်လို့ အကောင်းဆုံးအသုံးချလို့ရပါတယ်။
ဒါ့ကြောင့် ကျတော်တို့တွေဟာ ငွေကြေးကြောင့် အလုပ်လုပ်နေရတာမှန်ပေမယ့် ဒီအချက် ၅ ချက်လေးကိုသာ စိတ်ထဲထည့်ထားရင် အနည်းနဲ့အများတော့ အလုပ်လုပ်နေရတာကိုကျေနပ်ပြီး အလုပ်ခွင်မှာလည်းအဆင်ပြေလာမှာအသေအချာပါပဲ။