facebook tracking image
Why We Need a Positive and Healthy Workplace
Workplace Etiquettes

Why We Need a Positive and Healthy Workplace

လုပ်ငန်းခွင်မှာ Good & Healthy ဖြစ်တဲ့ Environment ဘာကြောင့်လိုအပ်လဲ?

လုပ်ငန်းခွင်မှာ Good & Healthy ဖြစ်တဲ့ Environment ဘာကြောင့်လိုအပ်လဲဆိုတော့ A happy employee is a productive employee ဆိုသလိုပါပဲ။ နေ့စဉ်အလုပ်လုပ်တဲ့ Working Environment က ဝန်ထမ်းတွေအတွက် Healthy ဖြစ်မယ် Rich ဖြစ်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့Productivity ကမြင့်မားနေမှာဖြစ်ပြီး လုပ်ငန်း အတွက်လည်း Revenue တွေ Income တွေမြင့်မားလာမှာဖြစ်ပါတယ်။ 

Poor Workplace Environment ဆိုရင်တော့ ဝန်ထမ်းတွေရဲ့Productivity ကိုလျော့ကျစေပြီး လုပ်ငန်းခွင်မှာမပျော်မွေ့တော့တာတွေကြောင့် နောက်ပိုင်းတွေမှာTurnover Rate တွေမြင့်လာတာ၊ကို့ရဲ့ဝန်ထမ်းတွေကလည်း ကိုယ်လုပ်နေတဲ့ Organization အပေါ်မှာယုံကြည်မှုမရှိတော့တာမျိုးဖြစ်လာနိုင်ပါတယ်။ 

Healthy Workplace Environment တစ်ခုဖြစ်ဖို့ဆိုရင်တော့ ဝန်ထမ်းအချင်းချင်း တစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံရေးကောင်းမွန်ဖို့လည်းလိုပါတယ်။ Communication ကောင်းစေဖို့ဆိုတဲ့နေရာမှာ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့သာမကဘဲ အထက်အောက်ဝန်ထမ်းတွေနဲ့ပါ အတူတူဆက်သွယ်ပြောဆိုဖို့ပဲဖြစ်တယ်။

အဲ့လိုCommunication ကောင်းဖို့အပြင်Team Spirit လည်းကောင်းနေရမှာဖြစ်တယ်။Team Spirit သာကောင်းရင် အတူတူအလုပ်လုပ်တဲ့နေရာမှာ ပိုအကျိုးရှိစေပြီးတော့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက စီးပွားရေးလုပ်ငန်း အခြေအနေတိုးတက်ဖို့ ရည်မှန်းချက်တစ်ခုပဲဦးတည်ပြီး လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။  ဒါ့အပြင် ဝန်ထမ်းတွေအတွက် ယုံကြည်စိတ်ချရပြီး ကာကွယ်မှုပေးနိုင်တဲ့ လုပ်ငန်းခွင်မျိုးဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်။ 

Physical Environment ဆိုတာ Company မှာ ပြတင်းပေါက်တွေအများကြီးနဲ့ အလင်းရောင်ကောင်းမွန်စွာရရှိခြင်းကြောင့် Vitamin D ရစေတာမျိုး၊ အလင်းရောင်ကောင်းကောင်းရတာက တီထွင်ဖန်တီးမှုအားကောင်းစေပြီး စိတ်ကူးအကြံဉာဏ်သစ်တွေကိုရစေပါတယ်။ နောက်ပြီး ရုံးခန်းနေရာကျယ်ကျယ်နဲ့ သန့်ရှင်းသပ်ရပ်တဲ့ အလုပ်လုပ်တဲ့နေရာမှာ သက်တောင့်သက်သာဖြစ်စေတာမျိုးဖြစ်ပါတယ်။

ဒါ့အပြင် ရုံးမှာအဆာပြေစာအတွက်ထားပေးထားတဲ့ Snack တွေကို Healthy ဖြစ်စေမယ့် အသီးအနှံတွေ၊ Detox Water လိုမျိုးတွေကို Provide လုပ်ပေးတာ၊ တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးမှုရရှိစေပြီးတော့ စိတ်ဓာတ်တက်ကြွစွာလုပ်ကိုင်စေနိုင်ဖို့အတွက် Team Building Activity တွေပြုလုပ်ပေးတာကလည်း Positive Workplace Environment တစ်ခုဖြစ်လာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016