facebook tracking image
Why You Should Stay Open to New Opportunities Even When You’re Comfortable in Your Current Job?
Career Advice

Why You Should Stay Open to New Opportunities Even When You’re Comfortable in Your Current Job?

လက်ရှိအလုပ်မှာ အသားကျနေပေမယ့်လည်း ဘာကြောင့် Opportunity အသစ်တွေအတွက် Open လုပ်ထားသင့်သလဲ? 

အကယ်၍ကိုယ်ဟာ လက်ရှိအလုပ်မှာအခြေကျလာပြီလို့ ခံစားရတာပဲဖြစ်ဖြစ်၊ လက်ရှိ Organization နဲ့အသားမကျတာပဲဖြစ်ဖြစ်ရှိလာမှ ကျွန်မတို့တွေဟာအလုပ်သစ်တစ်ခုကို စပြီးရှာဖြစ်ကြတာများပါတယ်။  

ဒီတစ်ခါတော့ ဘာကြောင့်အလုပ်တစ်ခုမှာလက်ရှိလုပ်နေသည့်တိုင်အောင် ရှိလာမယ့် Opportunities အသစ်လေးတွေအတွက် Open လုပ်ထားသင့်တယ်ဆိုတဲ့အကြောင်းအရာလေးကို Reason လေး (၅) ခုခွဲပြီး ဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်။

​Loyalty Doesn't Pay

အကယ်၍ မိမိဟာ လက်ရှိ Organization အပေါ်မှာ သစ္စာရှိရှိနဲ့ အချိန်တွေ၊ နှစ်တွေအကြာကြီးပေးဆပ်ခဲ့သည့်တိုင်အောင် မိမိဘဝအတွက် လုံလောက်တဲ့လစာနဲ့ Career Development ကို အဖွဲ့အစည်းဖက်ကနေ မပေးနိုင်တဲ့အနေအထားမျိုးကြုံတွေ့လာခဲ့ရင် အလုပ်သစ်တစ်ခုရှာကိုရှာသင့်တဲ့အခြေအနေဖြစ်လာပါပြီ။

သုတေသီတွေရဲ့စာတမ်းတွေအရ Average 2.4 years or Less အလုပ်လုပ်ခဲ့ပြီးလို့ Same Position or Same Salary ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာနောက်အလုပ်တစ်ခုကို စတင်ပြီးရှာဖွေသင့်ပါပြီ။ ​

Things can change quickly  

နောက်တစ်ချက်က မိမိတို့ရဲ့ Organization အကြောင်းကိုလည်းအမြဲမပြတ်လေ့လာထားဖို့လိုပါတယ်။ လက်ရှိ ကိုယ်လုပ်နေတဲ့ ဌာနက Business နဲ့မဆိုင်တဲ့ဌာနဖြစ်သည့်တိုင်အောင် မိမိ Organization ဟာ Profit ဖြစ်နေ၊ မနေ ကိုအမြဲလေ့လာထားသင့်ပါတယ်။ အကယ်၍ Organization ဟာ Stability လျော့နဲလာပြီလို့ မိမိအနေနဲ့ခံစားမိလာတာမျိုးဆိုရင်လည်း New Opportunities တွေကိုစတင်ပြီး Chase လုပ်သင့်ပါပြီ။ ယခုလို Covid ကာလမျိုးမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့အတွက် အခွင့်အလမ်းအသစ်တွေအတွက် Open လုပ်ထားတာတော့ အကောင်းဆုံးပါပဲ။ ​

Market Information & Situation  

နောက်တစ်ချက်ကတော့ မျက်စိပိတ်၊ နားပိတ်ပြီးနေတဲ့အလေ့အကျင့်ကိုဖျောက်ဖို့လိုပါတယ်။ မိမိဟာ လက်ရှိအလုပ်မှာ အစစအရာရာ အဆင်ပြေနေသည့်တိုင်အောင် Local Market ထဲမှာရှိနေတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ Position မျိုးတွေကို အမြဲ Aware ဖြစ်နေသင့်ပါတယ်။ ဒါမှသာ ကိုယ်ရနေတဲ့လုပ်အားခနဲ့ရာထူးဟာ Market Range တစ်ခုထဲရှိနေ၊ မနေ သိနိုင်မှာဖြစ်တဲ့အတွက် အလုပ်ပြောင်းသင့်၊ မသင့်လည့် လွယ်လွယ်ကူကူဆုံးဖြတ်လို့ရနိုင်မှာဖြစ်ပါတယ်။ ​

Career Development  

မိမိဟာလက်ရှိ Assistant Manager Level နဲ့ လက်ရှိအလုပ်မှာလုပ်နေတယ်။ Organization Culture အရလည်းရှေ့ဆက်ပြီး Promotion တက်ဖို့ကလည်းမရှိဖြစ်နေတဲ့ အနေအထားမျိုးတွေ အများစုကြုံဖူးကြပါတယ်။ ဒီလိုမျိုးအနေအထားကြုံရပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ Career Development မျိုးကိုပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးကို စပြီး Chase လုပ်ဖို့ကောင်းပါပြီ။

​Nothing to lose by opening for new opportunities

ဟုတ်ပါတယ်။ သင့်အတွက်ဘာမှဆုံးရှုံးစရာမရှိပါဘူး။ အကယ်၍ Interview တွေရပြီး အလုပ်သစ်မပြောင်းနိုင်သေးသည့်တိုင်အောင် ကိုယ့်အတွက်အကျိုးအများကြီးရှိပါတယ်။ Interview ဖြေတဲ့ experience တွေအပြင် New Companies, Businesses နဲ့ Network တွေလည်းအများကြီးရလာနိုင်ပါသေးတယ်။ ​

ဒါကြောင့် Career opportunities တွေကို မျက်စိဖွင့်နားစွင့်စောင့်ကြည့်နေသင့်ပါကြောင်း ဆွေးနွေးရင်းအကြံပြုပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020